စာရိုက်သိပ်ပျင်းတဲ့ တောင်ကြီးသားလေး... ခုတော့ ဖတ်နေရတာ ပျင်းလာလို့ ... ရှိတဲ့စာအုပ်လေးထဲက စာမျက်နှာတချို့ကို ပို့စ်တခုလုပ်လိုက်ဦးမယ်ဗျာ...
ကောင်းနိုးရာရာလေးတွေပေါ့ဗျာ... အားပေးသွားပါ...
- လူကြီးလူကောင်းများနှင့် လည်းကောင်း ၊ လူစိမ်းများနှင့်လည်းကောင်း စကားပြောလျှင် ခေါင်းငုံ့၍မပြောပါနှင့် ၊ ထိုသူကို ကြည့်၍ပြောရာဧ။်။
- စကားပြောဆိုရာတွင် ရှက်ကန်းကန်းလည်းမဖြစ်နှင့် ၊ ရဲတင်းလွန်းသော အမူအရာဖြင့် မဖွယ်မရာလည်းမပြုနှင့် ၊ ( သူတပါးက သင့်အားအပြစ်ရှာနေသည်ဟု မထင်လေနှင့် )
- သူတစ်ပါးစကားပြောလျှင် ကြားဖြတ်၍မပြောရ ၊ ထိုသူဧ။် စကားဆုံးအောင် စောင့်ဆိုင်းရာဧ။်။ အကယ်၍ စိတ်မပါသည့်တိုင်အောင် စိတ်မပါသည့် အမူအရာကိုမပြပဲ စိတ်ပါသကဲ့သို့ နားထောင်ရာဧ။်။
- ဖြည့်စွက်၍ပြောရန်ရှိသော်လည်း ထိုငသူစကားပြီးဆုံးမှ ယဉ်ကျေးသော အမူအရာနှင့် ရိုသေစွာ ဖြည့်စွက်ရမည်။့ ( မိမိတတ်ကျွမ်းနားလည်ကြောင်း ပြလိုသည့်သဘောဖြင့် ပြောဆိုခြင်းမပြုရ )။
- သူတစ်ပါးဧ။် အပြစ်ကို မပြောပဲ ရှောင်ကြဉ်ရာဧ။်။ သို့မဟုတ် အကောင်းကိုသာလျှင် ပြောရာဧ။်။ ချီးမွမ်းရန်အကောင်းမရှိလျှင် မပြောပဲနေရာဧ။်။
- ဒေါသထွက်နေသူတစ်ဦးနှင့် အတုံ့အပြန် ပြောဆိုခြင်း မှရှောင်ကြဉ်ရာဧ။်။ တယူသန်သူနှင့်လည်း ယှဉ်ပြီးမပြောဆိုအပ် ။ ထိုသူနှင့် မလွှဲမရှောင်သာ၍ ပြောရလျှင် ဖြည်းညှင်းစွာ ၊ ချိုသာစွာ ပြောဆိုအပ်ဧ။်။
- မိတ်ဆွေအချင်းချင်းပင်လျှင် မနှစ်ဖွယ်သေယစကား ၊ အကျိုးမရှိသော စကားကို မပြောရာ ၊ ပြောလေ့ရှိလျှင် အကျင့်ပါတတ်ဧ။်။
- လူကြီးလူကောင်း မိကောင်းဖခင် သားသမီးပီသစွာ ရိုင်းပြသော စကားအသုံးအနှုန်းကို ရှောင်ကြဉ်ရာဧ။်။ ( လျှာကိုထိန်းနိုင်လျှင် ကိုယ်ကို ထိန်းနိုင်လာမည် ) ။
- မကောင်းသော စကားကို မပြောမိစေရန် ၊ မကောင်းသော အလုပ်ကို မလုပ်မိစေရန် သတိကြီးစွာ ထားရာဧ။ိ။ သူတစ်ပါးပြောဆိုလုပ်ကိုင်နေပါလျှင် ရှောင်၍ သွားရာဧ။်။ တစ်စုံတစ်ရာ အားပေးခြင်း မပြုပဲ ဆိတ်ဆိတ်နေရာဧ။်။ ရွယ်တူသော် ဆုံးမရာဧ။်။ ( ဤကား ၀တ္တရားဖြစ်သည်ကို မမေ့နှင့် )
- မိမိနှင့်မဆိုင်သောနေရာ အရာဝထ္ထုပစ္စည်း အလုပ်အကိုင်များတွင် မပါဝင် ရှောင်ကြဉ်ရာ၏ ။
- မိမိနှင့်ဆိုင်သော ကိစ္စဖြစ်စေကာမူ မိမိအားသိစေသော အခါမှသာလျှင် သိရာ၏ ။ သိလိုဇောနှင့် လောကတကြီး စကားမဆုံးမီ မေးမြန်းခြင်းမပြုနှင့် ၊ အခွင့်ကိုစောင့်၍ မေးသင့်မှမေးရာ၏ ။
- အခြားသူများဧ။် စာရွက်စာတမ်းများအား စောင်းငဲ့၍ပင် မကြည့်ရာ ၊ ( စည်းကမ်းစနစ်ကြီးသူဖြစ်ပါစေ ) ။
- မိမိဆောင်ရွက်ရန် တာဝန်ဝတ္တရားရှိပါက မညည်းညူပါနှင့် ၊ ထိုသူသည် မည်သည့်နေရာမျှ အသုံးမ၀င်ချေ ၊ အများဧ။် အနှောက်အယှက် ဖြစ်စေရုံမျှမက ကြားသူတို့စိတ်တွင် မနှစ်မြို့မှုကို ဖြစ်စေသည် ။
- မည်သည့်အခါမဆို မျက်နှာကို ကောင်းစွာ ထားရာဧ။်။ မကောင်းသောဘေးဒုက္ခ တွေ့သည့်အခါမှာပင် စိတ်မညစ်ပဲ မှတ်သားရန် ၊ သင်ခန်းစာရပေသည်ဟု အကောင်းဘက်က ယူရာဧ။်။
- ပြုံးပျော်ရွှင်သောမျက်နှာကို ထားနိုင်သမျှထားပါ ။
- စကားပြောချိုခြင်းသည် ယဉ်ကျေးဖွယ်ရာသော အမူအရာဖြစ်၍ မိတ်ဆွေပေါများကြောင်းဖြစ်ဧ။်။
- ယဉ်ကျေးသော စကားအသုံးအနှုန်းတို့ကို အစဉ်အမြဲ သတိထား၍ သုံးပြီးလျှင် စိတ်ချမ်းသာစွာ မျက်နှာထားချိုသာ ရွှင်ပြုံးနိုင်ပါစေ ။
- `“ နှုတ်ချို သျှိုတစ်ပါး `“ `“ နှုတ်ကောင်းလျှင် ပြည်စိုး`“ `“ နှုတ်ကြောင့်သေ လက်ကြောငှ်ုကြေ `“ ဆိုသော စကားပုံများကို သတိပြုပါ ။
- `“ စကားကျွံသော် နှုတ်မရ `“ ဟူသော စကားပုံတို့သည် နှုတ်မှု ယဉ်ကျေးခြင်း ဆိုင်ရာစကားပုံများဖြစ်ပေသည်။
- သူတစ်ပါးဧ။် ပျော်ရွှင်မှုကို မနှောင်ွှယှပ်ပါနှင့် ၊ လူတိုင်းအပေါ် ဖြောင့်မတ်သော စိတ်စေတနာကောင်းထားပါ ။
- မိမိမှာတာဝန်ပေးခံရ၍ သြဇာ အာဏာရှိလာလျှင် ငယ်သားကိုမညှင်းပါနဲ့ ၊ မကြိမ်းမောင်းပါနဲ့ ၊ ယဉ်ကျေးစွာပြောဆိုတတ်ပါစေ ။
0 comments: