I love Taunggyi.
We love Taunggyi.
So missing Taunggyi.
There are our heart.
Please let me feel here.
Thanks.
Please Watch Our Taunggyi.
တောင်ကြီးသားလေး... ဆိုတော့
တောင်ကြီးအကြောင်းကို စိတ်အ၀င်စားဆုံးပေါ့ဗျာ...
တောင်ကြီးအကြောင်းကို စိတ်အ၀င်စားဆုံးပေါ့ဗျာ...
ဒီဗွီဒီယိုလေးကိုကြည့်ပြီး အဝေးရောက် တောင်ကြီးသား/သူတွေ
အလွမ်းပြေ ကြည်နူးကြပါစေဗျာ...
မလွမ်းပဲမနေနိုင်ကြဘူးလေ...
ဘယ်လောက်ချစ်ဖို့ကောင်းတဲ့စရိုက်နဲ့...
ဘယ်လောက်သာယာတဲ့ဒေသတွေလည်းဆိုတာ
ကျွန်တော်တို့ သွေးသားတွေထဲ လာကြည့်ကြရင်သိမယ်...
ကိုယ့်ဒေသကိုဒီလိုပဲ ပြောကြမှာပေါ့လို့ပြောကြပါစေ...
ခုဆို အဝေးကြီးမှာရောက်နေတော့ ပိုလို့တောင်လွမ်းရပါတယ်...
မြို့ဝင်ကရေကူးကန်ကြီးကိုလည်းလွမ်း...
ကြိုးတံတားကြီးကိုလည်းလွမ်း...
ညဈေးတန်းကိုလည်းလွမ်း...
အိုဗျာ...
မြို့ပြင်ထွက်ပြီးဆောက်ထားတဲ့ မီးပုန်းပျံကွင်းကြီးကိုလည်းလွမ်းတယ်...
တစ်မြို့လုံး အစအဆုံးကိုလွမ်းရတာ...
ပြောင်းရွှေ့ထားတဲ့ သင်္ချိုင်္င်းသစ်ကြီးတွေကိုတောင် လှတယ်လို့မှတ်ယူထားတာ...
တန်ဆောင်တိုင်ပွဲဆိုတာကတော့ဗျာ...
တောင်ကြီးသား/သူတွေမပြောတော့ဘူး
အနယ်နယ်အရပ်ရပ်ကလူတွေ တောင်မှ
ငွေကုန်ကြေးကျခံပြီး ပင်ပန်းတကြီးလာပျော်ကြတာ...
ကားလမ်းတွေဆိုကြည့်လေ...
ချစ်စရာ့ဂျပန်တွေ ဖောက်လုပ်ပေးခဲ့တဲ့လမ်းလေးတွေဗျာ...
ကျောက်ခဲငုံပြီး ကားစီးလာရင်တောင် ညှက်သွားမယ်ဆိုလား...
ဗွီဒီယိုလေးမှာ သေချာကြည့်နော်... :D
အဲ့ဒီမှာတခုပြောပြချင်တာက ကားတွေဗျ...
လမ်းမှာ နှစ်စီးတွေ့လို့ရှောင်မယ်ဆိုရင် ရန်ကုန်မှာလိုမရဘူးဗျ
အဆင်းကားတွေက ရပ်ပေးထားတာ...
သူဘာကြောင့်ရပ်တာတော့မသိဘူး...
တောင်ကြီးသားလေး...ကတော့ လာလည်ကြတဲ့ သူတွေကို
ဦးစားပေးတယ်လို့ယူဆပြီး ကြည်နူးနေတာပဲ... :P
လမ်းမှာ ကားတစ်စီးရပ်နေလို့များ ရှောင်သွားမယ်မထင်လေနဲ့
သူတို့ချုံတိုးမှန်းဘာမှန်းမသိ ဟွန်းတီးကြတော့တာပဲ...
ဆီလိုလား မီးခြစ်လိုလား အကူအညီလိုလားမေးတတ်ကြတာအားလုံးပဲ
ဘယ်လောက်ချစ်ဖို့ကောင်းလည်း...
ကားတွေကျော်တက်ရင်ပဲဖြစ်ဖြစ် ရှောင်ရင်ပဲဖြစ်ဖြစ်
ဟွန်းတီး လက်ပြနှုတ်ဆက်ကြတာတလုပ်...
သွားဖူးတဲ့သူတွေ သိမှာပါနော်...
တောင်ကြီးမြို့ပေါ် ရောက်ပြီဆိုရင်တော့ဗျာ...
ကားပေါ်ကနေဆင်းရင် ခြေထောက်တွေ ခပ်တောင့်တောင့်ဖြစ်နေမယ်ပေါ့ အေးတာကို
နားလို့အားပြည့်ရင်တော့ လည်ကြပေတော့ပဲ...
ချစ်စရာဓလေ့တွေ ၊ ချစ်စရာစရိုက်တွေနဲ့ လှပသောတောင်ကြီးမြို့ကြီးကိုပေါ့...
အလည်လာဖို့ ကြော်ငြာရေးနေတာတော့ ဟုတ်ပါဘူး...
ခုမှတွေးမိတယ် မဆိုင်တာတွေရေးနေမိပြီပဲ...
:D :D :D :D :D :D :D
ကျွန်တော်ခုရေးနေတာ သိပ်လွမ်းရတဲ့ မြို့လေးပါ...
အဲ့ဒါတွေကို လွမ်းနေတာ သတိတွေရနေတာ...
အရမ်းလွမ်းတယ်...
*************** တောင်ကြီးသားလေး... ***************
0 comments: